Skip to Content

ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် မရှိမဖြစ်လိုအပ်သော HR အညွှန်းကိန်း ၄ ခုနှင့် မက်ထရစ်များ

မောင်သစ္စာ (ဟံသာဝတီ)

Essential 4 HR Indicators & Metrics for the People's Military Service Law

၂၀၁၀ ပြည့်နှစ်တွင်ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ () အရ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ဥပဒေပြဌာန်းချက်များနှင့် စပ်လျဉ်း၍ အလုပ်ရှင်/ HR များအနေဖြင့် အဖွဲ့အစည်း၏ Contingency Plan ကိုအထောက်အကူပြုရန် မဖြစ်မနေ ဖန်တီးထားသင့်သည့် HR Indicators နှင့် Metrics များကို အကြံပြုဖော်ပြအပ်ပါသည်။



Workforce by Military Service Eligibility

ကနဦးအဆင့်အနေဖြင့် အဆိုပါဥပဒေပါပြဌာန်းချက်များနှင့် အကျုံးဝင်သည့် သာမာန်စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော အမျိုးသား/သမီး ဝန်ထမ်းဦးရေကို ဥပဒေပါ ကင်းလွတ်ခွင့်ရရှိသူဝန်ထမ်းများ (အိမ်ထောင်ရှိသူအမျိုးသမီးဝန်ထမ်းများ)နှင့် ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ (မသန်စွမ်းဝန်ထမ်းများကို ခန့်အပ်ထားရှိပါက) နှုတ်ပယ်၍ အကြမ်းဖျင်းအားဖြင့် မိမိအဖွဲ့အစည်းတွင် သာမာန်အားဖြင့် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းဦးရေ၊ အချိုးအစားကို အကြမ်းဖျင်းခြုံငုံသိရှိနိုင်ရန်အတွက် Workforce by Military Service Eligibility ကို Pie/ Donut Chart ဖြင့်ရေးဆွဲသင့်ပါသည်။

(ဥပမာ - Not Eligible, Male – Eligible, Female – Eligible စသဖြင့်)

ဤတွင် ကျွမ်းကျင်သူအသက်အရွယ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ရရှိသူများအားလုံးကို စာရင်းမှထုတ်နှုတ်တင်ပြရန်မှာ လက်ရှိအခြေအနေတွင် ၎င်းနှင့်သက်ဆိုင်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းမပြုသေးသည့် ကာလဖြစ်သဖြင့် မိမိလုပ်ငန်းရှိလတ်တလော Eligibility ကို မျှော်မှန်းတွက်ဆနိုင်ရန် မှာအထက်ဖော်ပြပါနည်းသည် အသင့်လျော်ဆုံးဖြစ်သည်ဟု ထင်မြင်မိပါသည်။


Military Service Eligibility by Job Grade

ထို့နောက် မိမိအဖွဲ့အစည်းရှိ ရာထူးအဆင့်အမျိုးမျိုးအလိုက် အကျုံးဝင်မှုနှင့် ကင်းလွတ်သူအရေအတွက်များကို သိရှိနိုင်ရန်နှင့် အဆိုပါအချိုးအစားပေါ်မူတည်၍ လိုအပ်သည့် ရာထူးအဆင့်အလိုက် Key Player များသတ်မှတ်ခြင်း၊ Succession Planning များချမှတ်ရမည့် ဦးစားပေးဆောင်ရွက်ရမည့် Job Grade များကို အာရုံစိုက်၍ လိုအပ်သည့်အစီအမံများ ချမှတ်ရာတွင် အထောက်အကူပြုရန် ဤ Indicatorကိုထားရှိသင့်ပါသည်။ (Pivot table အသုံးပြုပါက ပိုမိုသင့်လျော်မည်ဟု အကြံပြုပါသည်။)


Business Unit/ Branch/ Department by Military Service Eligible

အဖွဲ့အစည်း၏ သက်ဆိုင်ရာ Business Unit များ၊ ဆိုင်ခွဲ သို့မဟုတ် စီမံကိန်းနေရာ သို့မဟုတ် အလုပ်ဌာနခွဲများ၊ ဌာနများအလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကြမ်းဖျင်းအားဖြင့် အကျုံးဝင်သည့် ဝန်ထမ်းအရေအတွက်၊ ကင်းလွတ်ဝန်ထမ်းအရေအတွက်နှင့် ရာခိုင်နှုန်းများ၊ ကျား/မ အချိုးအစားများကို ကြည့်ရှု၍ Impact များသော ဌာန/ လုပ်ငန်းခွဲများကို ဤ Metric ကို ကြည့်ရှု၍ ဦးစားပေးသိရှိဆောင်ရွက်နိုင်ရန်၊ Business Contingency အရလိုအပ်သည့် အစီအမံများကို အလျင်အမြန်ဆောင်ရွက်နိုင်ရန် ဖန်တီးထားရှိသင့်ပါသည်။


Employee List by Military Service Eligible

ဤစာရင်းဇယားသည် အဖွဲ့အစည်းအတွင်းရှိ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ကနဦးအကျုံးဝင်သူများ၏ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန်ဖြစ်ပြီး စာရင်းများကို လိုအပ်သလို ဌာနများ/ လုပ်ငန်းခွဲများအလိုက် အလွယ်တကူလျင်မြန်စွာစာရင်းပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါသည်။


နိဂုံးချုပ်အနေဖြင့် လုပ်ငန်းအဖွဲ့အစည်းတိုင်းသည် ဝန်ထမ်းအချက်အလက်များကို သေချာပြုစုထားရှိရန်နှင့် ရရှိထားသည့် ဝန်ထမ်းအချက်အလက်များ Update ဖြစ်စေရန် ဦးစွာလုပ်ဆောင်သင့်ပါသည်။ ထို့နောက်သက်ဆိုင်ရာ Metrics & Indicators များအရ သက်ရောက်မှုများရှိနိုင်မည့် ဧရိယာများသတ်မှတ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ ဦးစားပေးအစီအစဉ်များ၊ သတင်းပို့ ညွှန်ကြားမှုအစီအစဉ်နှင့် လုပ်ငန်းတာဝန်ခွဲဝေမှုများကို ကနဦးစတင်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

ကမ္ဘာပေါ်၌ စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူအားလုံးတွင် တာဝန်ရှိသည်နှင့်အညီ ပြဋ္ဌာန်းချက်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုးနှင့် ပြဋ္ဌာန်းသက်ဝင်လှုပ်ရှားနေမှုများရှိနေသည့်နည်းတူ မိမိတို့နိုင်ငံမှပြဌာန်းသည့်ပြည်သူ့စစ်မှုထမ်းဥပဒေအရ လုပ်ငန်းအဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအတွက် လုပ်ငန်းအခြေအနေနှင့် ပြင်ပမှသက်ရောက်မှုများကို မဖြစ်မနေအကဲဖြတ်၍ ကြိုတင်ပြင်ဆင်ထားရှိသင့်ပါသည်။ ထို့နောက်ကောင်းမွန်သော စီမံခန့်ခွဲခြင်းနှင့် လုပ်ကိုင်ဆောင်ရွက်မှုများမှတဆင့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ရေရှည်ရပ်တည်နိုင်၍ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်မည့် သက်ရောက်မှုများကို အတိုင်းအတာတခုအထိ လျှော့ချနိုင်ကာ ဆုံးရှုံးနိုင်ချေများကို ဟန့်တားကျော်လွှားနိုင်မည်ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ၊ အစီအမံများကိုလည်း ထိရောက်စွာစီမံဆောင်ရွက်နိုင်ရန်အတွက် အဆိုပါဥပဒေနှင့်စပ်လျဉ်း၍ လိုအပ်သည့်နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရှိရသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှထုတ်ပြန်ချက်များကိုလည်း အချိန်နှင့်တပြေးညီ မှန်ကန်သော သတင်းအချက်အလက်များကို ရယူရန် လိုအပ်ပါကြောင်း အကြံပြုလေ့လာတင်ပြအပ်ပါသည်။


#Military_Service #Essential_HR_Metrics_Indicators



Sales & Customer Support March 14, 2024
Share this post
Tags
Sign in to leave a comment