မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ( ၂၀၁၅) သည် မသန်စွမ်းသူများ၏ စီးပွားရေးနှင့် လူမှုဘဝတစ်လျှောက်ရှိ အခွင့်အရေးများနှင့် အကျုံးဝင်သော ပြီးပြည့်စုံသည့် ဥပဒေတစ်ရပ်ဖြစ်ပါသည်။ ယင်းဥပဒေတွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေးများနှင့် သက်ဆိုင်သော အထူးပုဒ်မများ ပါဝင်ပါသည်။
ပုဒ်မ ၃၆ (က) မှ (င) က မသန်စွမ်းသူများကို အလုပ်ခန့်အပ်သည့် အလုပ်ရှင်များအား အောက်ပါတို့ကို ဆောင်ရွက်ရန် သတ်မှတ်ပြဌာန်းထားပါသည် -
- အလုပ်ခန့်ထားရာတွင် မသန်စွမ်းသူများကို သင့်လျော်သောအလုပ်တွင် သတ်မှတ်ထားသော ဝေပုံကျအရေအတွက်အတိုင်း ခန့်ထားရမည်။
- အလုပ်ခန့်ထားရာတွင် ဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရးရုံးများတွင် မှတ်ပုံတင်ထားသည့် မသန်စွမ်းသူများကို ရွေးချယ်ခန့်ထားရမည်။
- မသန်စွမ်းသူများအား အလုပ်ခန့်ထားရာတွင် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိမှုအပေါ်မူတည်၍ လူတွေ့စစ်ဆေးခန့်ထားရေး၊ လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးများ တန်းတူခံစားခွင့်ရှိရေး၊ ရာထူးတိုးမြှင့်ရေး၊ အလုပ်ခွင်တည်မြဲရေး၊ အခမဲ့အသက်မွေးကျောာင်းပညာများ လေ့ကျင့်သင်ကြားခွင့်ရရှိရေး အပါအဝင် မသန်စွမ်းသူများနှင့် သင့်လျော်သည့် အစီအစဉ်များ ဆောင်ရွက်ပေးရမည်။
- သတ်မှတ်ထားသော ဝေပုံကျနှုန်းထားအရေအတွက်အတိုင်း အလုပ်ခန့်ထားခြင်းမပြုနိုင်လျှင်ဖြစ်စေ၊ အခြေအနေမပေးလျှင် သို့မဟုတ် အခွင့်အလမ်းမရှိလျှင်ဖြစ်စေ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေသို့ သတ်မှတ်ထားသော ငွေပမာဏကို ဝေပုံကျနှုန်းထား အရေအတွက်အတိုင်း ပေးသွင်းရမည်။
- အလုပ်ခန့်ထားသော မသန်စွမ်းအလုပ်သမားဦးရေစာရင်းကိုလည်းကောင်း၊ အလုပ်ခန့်ထားရန် လစ်လပ်သည့်အလုပ်အကိုင်စာရင်းကိုလည်းကောင်း ဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ ပေးပို့ရမည်။
ပြစ်မှုနှင့် ပြစ်ဒဏ်များအပါအဝင် နောက်ထပ်သတ်မှတ်ပြဌာန်းချက်များကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) ၏ ပုဒ်မ ၇၅၊ ပုဒ်မ ၇၆ နှင့် ပုဒ်မ ၈၁ တို့တွင်လည်း သတ်မှတ်ပြဌာန်းထားပါသည်။
မှတ်ချက်။ လက်ရှိအချိန်တွင် အလုပ်ခန့်ထားရမည့် ဝေပုံကျအရေအတွက်ကို ဥပဒေအရ သတ်မှတ်ပြဌာန်းထားခြင်းမရှိသေးပါသဖြင့် လက်ရှိတွင် ဤသတ်မှတ်ပြဌာန်းချက်ကို ကျင့်သုံးခြင်းမရှိသေးပါ။
Hiring people with disabilities
The Rights of Persons with Disabilities Law, 2015 is a comprehensive law covering rights across the
economic and social life of people with disabilities. The law includes special sections relating to the
rights of people with disabilities in employment.
Section 36(a) – (e) requires employers hiring people with disabilities to:
- Employ people with disabilities in appropriate work in accordance with a quota
- Employ people with disabilities registered at Employment Exchange Offices in relevant townships and departments.
- Make appropriate arrangements including interviewing, equal rights for salaries and opportunities, promotion, job security, access to the free vocational education and training based on employment ability.
- Pay funds to the National Committee for the Rights of the Disabled where it is impossible to employ people with disabilities in accordance with the quota.
- Submit the list workers with disabilities and the vacant positions to the Department and the Employment Exchange Offices in the relevant township in accordance with quota requirements.
Further requirements, including offences and penalties are also set out in sections 75, 76 and 81 of the Rights of Persons with Disabilities Law, 2015.
Remark: Employment quota, this provision is not currently applied as the quota has not yet been set.
Source: ILO' Publication: Introduction to Myanmar Labour Law, 2020