အသေးစား၊ အလတ်စား ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုတာဝန်ရှိသူများအနေဖြင့် မိမိတို့လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်း၏ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုများကို အသုံးပြုနေသည့် ဖောက်သည်များ၏ ယုံကြည်မှု ရရှိစေရန်၊ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ ကောင်းမွန်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် မလိုလားအပ်သော ဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက် Compliance Management ကို စီမံဆောင်ရွက်သင့်ပါသည်။ လုပ်ငန်းများအနေဖြင့် မိမိလုပ်ငန်းကို ငွေကုန်ကြေးကျ အနည်းဆုံးဖြင့် မိမိတို့ကိုယ်တိုင် Compliance Management ကို ဦးစီး၍ ဆောင်ရွက်နိုင်မည့် အစီအစဉ် နည်းလမ်းများကို လမ်းညွှန်ဖော်ပြအပ်ပါသည်။
Compliance Management ကို စတင်အသက်သွင်းခြင်းနှင့် စီမံဆောင်ရွက်မှုအဆင့်များ
Formation of Compliance Management Committee
သက်ဆိုင်ရာ ကဏ္ဍအစုံ ဌာနအစုံမှ စီမံခန့်ခွဲမှုတာဝန်ရှိသူများနှင့် Compliance Management ဆိုင်ရာ လုပ်ငန်းညှိနှုိင်းရေးကော်မတီကို စတင်ဖွဲ့စည်းပါ။
Designate a compliance officer
ထို့နောက် Compliance Management ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဦးစီးဦးဆောင်ရွက်မည့် Compliance Officer ကို သင့်တော်သူအား ခန့်အပ်တာဝန်ပေးပါ။ (လုပ်ငန်းများအနေဖြင့် Compliance Officer ရာထူးအတွက် သတ်မှတ်ခန့်အပ်နိုင်ခြင်းမရှိပါက လုပ်ငန်းခွင်အတွင်းမှ သင့်တော်သည့် ဝန်ထမ်းတစ်ဦးဦးကို ၎င်း၏ ဆန္ဒအားရယူ၍ မူလတာဝန်ဝတ္တရားများအပြင် Compliance Officer လုပ်ငန်းတာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ရန် တာဝန်ခွဲဝေ ပေးအပ်၍ CO အဖြစ်သတ်မှတ်ခန့်အပ်သင့်ပါသည်။)
Identify applicable laws and regulations
မိမိတို့လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်တဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့့်၊ ညွှန်ကြားချက် တွေကို စာရင်းပြုစုပြီး သတ်မှတ်ပါ။ ပြီးရင်ဒါတွေကို ပြန်လည်ကိုးကားနိုင်အောင် သေသေချာချာ စုစည်းပြီး စနစ်တကျထားရှိပါ။ အဆိုပါ စာအုပ်၊ စာရွက်စာတမ်းများကို လိုအပ်ပါက ဌာနဆိုင်ရာ တာဝန်ရှိသူများ လွယ်လင့်တကူ ရည်ညွှန်းကိုးကားနိုင်ရန် စီမံဆောင်ရွက်ထားသင့်ပါသည်။ (ဥပမာ စနစ်တကျ ဖိုင်တွဲ၍ သိမ်းဆည်းခြင်း နဲ့ Soft Copy File များကို သက်ဆိုင်ရာ အကြောင်းအရာအလိုက် Folder အလိုက်ခွဲ၍ သိမ်းဆည်းတာမျိုး ပြုလုပ်ထားပါ)
Conduct a risk assessment
Compliance Management Committee တွင် ပါဝင်သူများမှ မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် လိုက်နာဆောင်ရွက်မှုနှင့်ပတ်သက်သည့် ဆုံးရှုံးထိခိုက်နိုင်ချေရှိမှုများကို လေ့လာဆန်းစစ်ပါ။ (ဥပမာ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ၊ အခွန်ကိစ္စရပ်များ၊ မိမိတို့လုပ်ဆောင်သည့် လုပ်ငန်းအမျိုးအစားအလိုက်ပြဌာန်းထားသော ဥပဒေ စည်းမျဉ်းစည်းကမ်းများပါ လိုက်နာရမှုနှင့် လုပ်ဆောင်သင့်သည်များ၊ ခွင့်ပြုမိန့်ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာနှင့်ပတ်သက်သည်များ၊ သတင်းအချက်အလက်လုံခြုံရေးနှင့် ပေါက်ကြားမှုများမဖြစ်ပွားစေရန် ထိန်းသိမ်းရမည့်ကိစ္စရပ်များ စသည်)
Develop policies and procedures
လိုက်နာဆောင်ရွက်မှုနှင့် ပတ်သက်သည့် မူဝါဒများ လုပ်ထုံးလုပ်နည်းများ ရေးဆွဲ ပြဌာန်းပါ။ အဆိုပါမူဝါဒနှင့် ပတ်သက်သည်များကိုလည်း ဝန်ထမ်းများအားလုံးရှင်းရှင်းလင်းလင်း သိရှိအောင် ဆောင်ရွက်ထားပါ။
Implement the policies and monitoring process
ပြဌာန်းထားသည့်မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး လိုက်နာဆောင်ရွက်မှုဆိုင်ရာ ကိစ္စများကို ထိန်းသိမ်းစောင့်ကြည့်ပါ။ (ဥပမာ Internal Audit ပြုလုပ်ခြင်း၊ ဝန်ထမ်းများအား အသိပညာပေးခြင်း၊ ချမှတ်ထားသည့် မူဝါဒနှင့်ဆန့်ကျင်သည့် ကိစ္စရပ်များ၊ လိုက်နာမှုကို ချိုးဖောက်နိုင်ချေရှိသော ကိစ္စရပ်များ စသည်တို့ကို သတင်းပေးမှုပြုလုပ်နိုင်ရန် လိုအပ်သော သတင်းပေးမှုဆိုင်ရာ နည်းလမ်းများ သတ်မှတ်ပြဌာန်းခြင်း စသည်တို့ကို ပြုလုပ်ပါ)
Respond to non-compliance
လိုက်နာဆောင်ရွက်မှုမရှိသဖြင့် ဆုံးရှုံးနိုင်ချေရှိသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ အကြောင်းအရာများကို ပြင်ဆင်ခြင်း၊ လိုက်နာဆောင်ရွက်မှုအစီအမံများပြုလုပ်ခြင်း နှင့် ဆုံးရှုံးမှုကို ကုစားနိုင်ချေများ ချမှတ်ခြင်း၊ မူဝါဒပါ ပြဌာန်းချက်များကိုချိုးဖောက်သည့် ပြုလုပ်မှုများကို အရေးယူဆောင်ရွက်သည့် ကိစ္စရပ်များကို ပြုလုပ်ခြင်း အစရှိသည့် လိုအပ်သည်များကို ဆောင်ရွက်ပါ။
Review and update the program
လိုက်နာဆောင်ရွက်မှုအစီအမံကို ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းနှင့်သက်ဆိုင်၍ လုပ်ငန်းစွမ်းဆောင်ရည်တိုးမြှင့်စေနိုင်မည့် ကိစ္စရပ်များကို အထောက်အပံ့ဖြစ်စေရန်လိုအပ်သည့် လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ပုံမှန် Update ပြုလုပ်ပါ။ (အကြံပြုအပ်သည်မှာ မိမိတို့လုပ်ငန်းခွင်အတွင်း သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် လစဉ် လုပ်ငန်းညှိနှုိင်းအစည်းအဝေးပြုလုပ်ပြီးပါက Compliance Management ကော်မတီအစည်းအဝေးကို ဆက်လက်ပြုလုပ်သင့်ပြီး အဆိုပါအစည်းအဝေးတွင် လိုက်နာဆောင်ရွက်မှုအခြေအနေများကို တင်ပြခြင်း၊ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်နိုင်ရန် ဆွေးနွေးညှိနှုိင်းခြင်းများကို ပြုလုပ်သင့်ပါသည်။)
အထက်ဖော်ပြပါလုပ်ငန်းစဉ်အဆင့်ဆင့်များသည် SME လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ မိမိတို့ကိုယ်တိုင်လုပ်ဆောင်နိုင်သော Compliance Management ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြစ်ပြီး လိုက်နာဆောင်ရွက်မှုကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးလုပ်ငန်းများအဖြစ် ရောက်ရှိစေနိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း ဆန္ဒပြု တိုက်တွန်းအပ်ပါသည်။
Radius Compliance & Insight Consutling